ကျိုက္ခမီမြို့၏ပထဝီအနေအထား 

(က) တည်နေရာနှင့် အကျယ်အဝန်း

ကျိုက္ခမီမြို့သည် မွန်ပြည်နယ်မြို့တော် မောင်လမြိုင်မြို့၏ တောင်ဘက် (၅၅)မိုင် အကွာတွင် တည်ရှိပြီး သံဖြူဇရပ်မြို့၏ အနောက်မြောက်ဘက် (၁၅)မိုင် အကွာတွင် တည်ရှိပါသည်။ ကျိုက္ခမီမြို့၏ အရှေ့ဘက်တွင် ဝါခရုမြစ်နှင့် နှစ်ကိုင်းကျေးရွှာ ဆင်တောင်ကျေးရွှာ တောင်ဘက်တွင် မုတ္တမပင်လယ်ကမ်းခြေ မြောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့နှင့် နယ်နိမိတ် ဆက်စပ်လျက် ရှိပါသည်။ မြို့၏ နယ်နိမိတ်ကို အရှေ့ညာဘက်တွင် မုဒုံမြို့နယ်နှင့် ဝါခရုမြစ်ပိုင်းထားခြင်းဖြင့်လည်းကောင်း၊ ဆင်တောင်ကျေးရွှာနှင့် ဝက်လေးချောင်း ပိုင်းခြားထားခြင်းဖြင့်လည်းကောင်း၊ တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် မုတ္တမပင်လယ်ကမ်းခြေအားဖြင့်လည်းကောင်း ပိုင်းခြား သတ်မှတ်ထားပါသည်။
ကျိုက္ခမီမြို့၏အကျယ်အဝန်းမှာ တောင်နှင့်မြောက် အလျား (၄)မိုင်ခန့်၊ အရှေ့နှင့်အနောက်(၂)မိုင် (၁)ဖာလုံခန့် စတုရန်းမိုင်ပေါင်း (၈ ဒသမ ၃၆)မိုင်ခန့် ရှိပါသည်။ မြေဧရိယာအားဖြင့် (၅၃၅၀)ဧက ဖြစ်ပါသည်။

(ခ) မြေမျက်နှာပြင်

ကျိုက္ခမီမြို့၏ မြေမျက်နှာသွင်ပြင် အနေအထားမှာ ရှေ့နှင့်အနောက် မြောက်ဘက်ပိုင်းတွင် ရှည်လျားပြီး     တောင်ဘက်ပိုင်းသို့ ကျဉ်းမြောင်းသွားသော ပုံသဏ္ဍာန်ရှိပါသည်။ တောင်နှင့်မြောက် ရှည်လျားပြီး မြောက်မှတောင်သို့ ရှည်မျော ကျဥ်းမြောင်းသော ဘဲဥပုံသဏ္ဍာန်ရှိပါသည်။ မြို့၏ ဧရိယာအတွင်းရှိ တညင်တောင်တန်းမှာ မြောက်မှတောင်သို့ ရှည်လျား ဖြစ်ပေါ်လျက်ရှိပါသည်။ တောင်တန်း တောင်စွယ်များမှအပ ကျန်နေရာများတွင် များသောအားဖြင့် ညီညာ ပြန့်ပြူးနေပါသည်။ မြေမျက်နှာပြင်အမြင့်မှာ ပင်လယ်ရေပြင် (၈၄ ပေ)မှ (၁၀၈ ပေ)အထိ ရှိပါသည်။

(ဂ) ရာသီဥတု

  ကျိုက္ခမီမြို့၏ ရာသီဥတုမှာ ပင်လယ်ကမ်းခြေဒေသများ၏ သဘာဝအတိုင်း အပူအအေး မျှတပြီး ပင်လယ် လေကောင်းလေသန့် ရရှိသော ပင်လယ်ကမ်းခြေမြို့ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံအရပ်ရပ်ရှိမြို့နယ်အသီးသီးမှ ဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားများ အထူးနှစ်သက်သည့် ပင်လယ် ကမ်းခြေမြို့ ဖြစ်ပါသည်။ ရှုခင်းသာယာလှပခြင်းနှင့် လေကောင်းလေသန့် ရှူရှိုက်ခံစားရသည့်အတွက်ကြောင့် လည်း လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ကျော် အင်္ဂလိပ်အုပ်စိုးစဉ်က ကျိုက္ခမီရေလယ်ဘုရားကြီး ကုန်းတော်ပေါ်မှ တစ်မိုင်ခွဲခန့်ရှည်သော ပင်လယ်ကမ်းခြေတစ်လျှောက်တွင် နိုင်ငံခြားသားများ အခြေချ နေထိုင်ခဲ့သော နယ်ပိုင်မြို့ပိုင်ရုံးစိုက်ရာ မြို့ဟောင်းတစ်မြို့ ဖြစ်ခဲ့ပါသည်။    
အနိမ့်ဆုံး အပူချိန် (၆၀)ဒီဂရီ ဖာရင်ဟိုက်မှ (၈၆)ဒီဂရီ ဖာရင်ဟိုက်အထိ ရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၉၀)ဒီဂရီ ဖာရင်ဟိုက်မှ (၁၀၀)ဒီဂရီ ဖာရင်ဟိုက်အထိ ရှိပါသည်။ မိုးဦးရွှာသွန်းမှုများမှာ များသောအားဖြင့် မေလ ဒုတိယပတ်လောက်တွင် စတင်ရွှာသွန်းလေ့ရှိပြီး မိုးရေချိန်လက်မမှာ နှစ်စဉ် (၂၀၀)လက်မကျော် ရွှာသွန်းသည့်အတွက် မိုးကောင်းသာ ဒေသဖြစ်ပါသည်။
Ads go here

Comments

  1. ကျိုက်ခမီမြို့ ၏ ဝေစဟင် ဓါတ်ပုံ ၂ ပုံလောက် ရိုက်ပေးနီုင်မလား၊ အကူအညီတောင်းပါရစေ
    အပေါ်က Sargio Ramos ပုံ တွေလို ပေါ့ နေရာက မြို့ အ၀င်ဝ နားမှာ နှင့် ချောင်းပေါ်က ပုံ လို ချင်တယ်
    rockrangoon@gmail.com သို့ ဆက်သွယ်ပေးပါ

    ReplyDelete
မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send