မြို့အ၀င်အ၀တံတား စိုးရိမ်ရသောအနေအထား
သို့
ဝန်ကြီး ဦးထွန်းဌေး (လယ်/ဆည်/ပို့ဆက်)
သက်ဆိုင်ရာ တံတားဦးစီးဌါန နှင့် လမ်းတံတားအသုံးပြုသူများ သိရှိစေရန် ရည်ရွယ်ပါသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၊ကျိုက္ခမီမြို့အဝင် တွင်ရှိသော ကခမ အခါ်(တံတားလေး) မှာ အောက်ပါပုံများအတိုင်း ကြံခိုင်မှုအလွန်မကာင်းတော့ပဲ စိုးရိမ်ရသောအနေအထားသို့ရောက်ရှိနေပါသည်။
ပင်မတံတားအဟာင်းသည် နှစ်ကာလအားဖြင့် ရှည်ကြာလာခြင်းကြောင့်ယိုယွင်းလာခဲ့ပြီး လမ်းပြန်လည်ချဲ့ထွင်းစဉ်က အသစ်ထပ်မံပြုလုပ်ထားသော ဘေးနှစ်ဘက် တံတားအသစ်မှာလဲ အရည်အသွေး စံချိန်စံညွှန်း မမှီပဲ မြေပြင်မှအောက်ခြေအထိ အက်ကွဲ ကာ တဖက်စီသို့ နိမ့်ဆင်းလာပြီးဖြစ်ပါသည်။ နယ်ပေါင်းစုံမှဘုရားဖူးကားများ လိုင်းကားများ
ကုန်တင်ကားကြီးများ ငါးပုံးတင်သော ကုန်ကားများအရေးပေါ်လူနာတင်ယာဉ်များနေ့တဓူဝ ဖြတ်သန်းသွားလာနေသော ကျိုက္ခမီမြို့၏ အဓိက စီးပွါးရေး အရ အလွန်အရေးပါသော တစ်ခုတည်းသောလမ်းကြောင်းဖြစ်ခြင်း အပြင် အသုံးပြုသူခရီးသွားပြည်သူများ၏အသက်အန္တာရာယ် စိုးရိမ်ရသောအနေအထားသို့ ရောက်ရှိနေပါ၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အမြန်ဆုံး စစ်ဆေး၍ပြန်လည် တည်ဆောက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။
ယင်းတံတားအခြေအနေအား
NLD ပါတီ ဒုက္ကဌ ဦးမြင့်ဦးထံ သို့လဲတင်ပြထားပါသည်။ ယင်းတံတားသာ ပြိုပါက ကျိုက္ခမီမြို့ထွက်ပေါက်ပိတ် မည်ဖြစ်သဖြင့် ကူညီတင်ပြပေးမည်ဟု ပြန်လည်ပြောဆိုထားပါသည်။
ခရီးသွားပြည်သူများ ဘေးရန်ကင်းကြပါစေ။
အသိပေး ကူညီကြပါသော
ဦးဒေဝူး နှင့် ကိုဇာနည် တို့အားလဲအထူးပင်ကျေးဇူးတင်ပါသည်။
30.05.2018
Ref: ThetWin Paing
Ads go here
Comments