ကျိုက္ခမီမြို့သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ အနောက်ဘက် ပင်လယ်ကမ်းခြေပေါ်တွင် တည်ရှိသည်။ မော်လမြိုင်မြို့မှ ကုန်းလမ်းခရီးဖြင့်လာလျှင် (၅၅)မိုင်ဝေးပြီး ရေလမ်းခရီးဖြင့် မိုင် (၃၀) ဝေးလေသည်။ ဧရိယာစတုရန်းမိုင် (၈.၃၆) ကျယ်ဝန်းသော ကုန်းမြေပေါ်တွင် တည်ရှိ၍ မြို့မှာ သန့်ရှင်းလှပသည်။
ကျိုက္ခမီမြို့၏ အနောက်ဖက်ကမ်းခြေအနီးရှိ ကျိုက္ခမီရေလယ်ဘုရားကြီးကြောင့် နာမည်ကျော်ကြားရသည်။ တိုက်နယ်ဆေးရုံ၊ စာတိုက်၊ အထက်တန်းကျောင်းနှင့် လျှပ်စစ်မီးစက်များရှိသည်။
ကျိုက္ခမီမြို့၏ အတိတ်သမိုင်းမှာ ကျိုက္ခမီရေလယ်ဘုရားကြီးနှင့်အတူ ရှည်လျားလှသည်။ ကျိုက္ခမီမြို့သည် သီဟိုဠ်ကျွန်းမှ မျောပါရောက်ရှိလာသည့် သင်္ကန်းတုံးခံသော ရုပ်ပွားတော် မဆိုက်ကပ်မီကပင် ရွာကလေးတစ်ရွာအဖြစ် ရှိနေပြီးဖြစ်ကြောင်း သိရှိရသည်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် (၈) ဝါမြောက် သက္ကရာဇ် (၁၁၁)ခုနှစ်၌ မြတ်စွာဘုရားကိုယ်တိုင် ကျိုက္ခမီမြို့နယ်တစ်ဝိုက်သို့ ရောက်ရှိတော်မူခဲ့ကြောင်းနှင့် ကျိုက္ခမီဘုရားတည်ရာ ကျောက်တောင်ပေါ်၌ ခေတ္တနေသန့်စင်တော်မူသွားကြောင်း သမိုင်းဟောင်းများတွင် တွေ့ရသည်။ နောင် နှစ်ပေါင်း များစွာကြာလာသောအခါ ကျိုက္ခမီသည် မုတ္တမ (၃၂) မြို့အပါအဝင် ဝါဂရုမြို့စားကြီး၏ ကြီးကြပ်မှုအောင်တွင်လည်းကောင်း၊ ဝါဂရုမြို့နယ်တွင်လည်းကောင်း ပါဝင်ခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၂၆-ခုနှစ်၊ အင်္ဂလိပ်မြန်မာ ပထမစစ်အပြီးတွင် ကျိုက္ခမီမြို့ကို တနင်္သာရီတိုင်း ရုံးစိုက်ရာမြို့အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ သို့သော် ခေတ္တခဏသာဖြစ်ခဲ့ပြီး တစ်နှစ်အတွင်း မော်လမြိုင်မြို့ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၀၁-ခုနှစ်တွင် ကျိုက္ခမီမြို့အဖြစ် သတ်မှတ်ခြင်းခံရပြီး မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်လည်းကောင်း တည်ရှိခဲ့သည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်အမ်းမာ့စ်ကို အစွဲပြု၍ အမ်းမာ့စ်မြို့ဟုလည်း အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုသည်။ ၎င်းပြင် လူအများစုသည် စပါးစိုက်ပျိုးခြင်း၊ ရော်ဘာလုပ်ငန်း ဆားလုပ်ငန်းနှင့် ရေလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ကျိုက္ခမီမြို့ကို ရှေးအခါက တုံဇောင်ပိ (ပင်လယ်ကမ်းခြေမြို့)ဟု လည်းကောင်း၊ ရုပ်ပွားတော်မြတ်ကို မုဆိုးမကြီး၏ အဓိဋ္ဌာန်ဖြင့် ပင်လယ်ပြင်မှ ကြွရောက်ပါလာသည်ကို အစွဲပြု၍ မွန်ဘာသာဖြင့် ကျော်ဟမီ (ဘုရားမျှော်မြို့)၏ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ကျိုက္ခမီမြို့သည် သာယာလှပသော ပင်လယ်ကမ်းခြေမြို့တစ်မြို့ဖြစ်၍ ပင်လယ်လေညှင်းခံရာ မြို့အဖြစ် ထင်ပေါ်ကျော်ကကြားခဲ့သည်။ နိုင်ငံတော်အစိုးရသည် ၁၉၆၄-ခုနှစ်တွင် ပို၍ အချက်အချာကျသော သံဖြူဇရပ်မြို့သို့ ရုံးများပြောင်းရွေ့၍ ကျိုက္ခမီမြို့နယ်အစား သံဖြူဇရပ်မြို့နယ်ဟူ၍ ပြောင်းလဲ သတ်မှတ်ခဲ့သည်။
အရပ်ရပ် မှတ်သားရန် အချက်များ
၁။ ရေလယ်ဘုရားကျောင်းတော်ကြီးအတွင်းရှိ ရုပ်ပွားတော် အရှင်မြတ်မှာ ဉာဏ်တော် နှစ်ထောင်ခန့်ရှိသည်။ ကျောက်ဆောင်ပေါ်တွင် နဂါးရုပ်နှင့် နဂါးဦးခေါင်း အုပ်မိုးလျက်တည်ရှိသည်။ ၎င်းကျောက်ဆောင်ကို တောင်သဏ္ဍာန်ပြုလုပ်ထားသောကြောင့် ဘုရားကိုယ်တော်အရှင်မြတ်မှာ တောင်ထွက်များတွင် တည်နေသီတင်းသုံးတော်မူသကဲ့သို့ ရှိသည်။ ၎င်းရုပ်ပွားတော်အောက် (ထိုတောင်သဏ္ဍာန်ပတ်လည်အပေါ်ထပ်တွင်) ဉာဏ်တော်သုံးတောင်စီရှိ ရုပ်တုတော်ရှစ်ဆူ၊ အောက်ထပ်တွင် ဉာဏ်တော်ငါးတောင်ထွာခန့်ရှိ ရုပ်တုတော်ရှစ်ဆူနှင့် ရုပ်တုတော်ကြီး လေးဆူ၊ မျက်နှာတော်ချင်းဆိုင် ထောင့်လေးထောင့်၌ တစ်ထောင့်လျှင် ဉာဏ်တော်သုံးတောင်ခန့်ရှိ ရုပ်ပွားတော်တစ်ဆူစီ တည်ထားလျက် ရှိသည်။
အံဖွယ်ငါးပါး
(၁) ဘုရားပတ်လည်အနီးအပါးတွင် ကျောက်ခဲငယ်များမရှိဘဲ ၎င်းဘုရား၏ အရှေ့ဘက် အမျိုးသမီးများ အာရုံပြု၍ ပူဇော်ကန်တော့သောနေရာနှင့်တကွ အလျာအတောင် တစ်ရာ၊ အနံ အတောင် သုံးဆယ်ခန့်ရှိသော ထက်ဝန်းကျင်နေရာများ၌ အလိုအလျောက် ကျော်ခဲငယ်များ၊ ပျံ့နှံ့လျက် တစ်နှစ်ထက်တစ်နှစ် ပွားများလာခြင်း။
(၂) အခြားတစ်ပါးသော အရပ်များ၌ ရွှံ့ညွန်များစွာရှိငြားသော်လည်း ၎င်းကျောက်ခဲငယ်များရှိရာ အရပ်၌ ရွှံ့ညွန် ကင်းလွတ်ခြင်း။
(၃) ရေတက် ရေကျသောအခါ ဘုရားသါားရာလမ်းတစ်လျှောက်တွင် လှိုင်းများသည် ဘုရားကြီးကိုကန်တော့သည့် သဏ္ဍာန်ဖြစ်ပြီးမှ ရေတက်ရေကျဖြစ်ခြင်း။
(၄) မည်မျှလောက် လှိုင်းလေနှင့် ရေကြီးမြင့်လွှမ်းမိုး၍ ပင်လယ်ရေတက်လာသော်လည်း ဘုရားကျောင်း အဆင့်ပေါ်သို့ ရေမရောက်ပါ။ ပင်လယ်ရေးများမှာ ဘုရားကျောင်းအောက်သို့ လှိုင်းပုတ်လျက် ထွက်သွားခြင်း။
(၅) ဘုရားကျောင်းပေါ်သို့ အမျိုးသမီးများ တက်ခွင့်မရ၊ ရှေးအခါက မသိ၍ တက်မိသော အမျိုးသမီးမှာ တစ်စုံတစ်ရာဝေဒနာကပ်ရောက်ခြင်း၊ အချိန်အခါမဲ့ လေပြင်းမုန်တိုင်းကျခြင်း၊ မိုးကြီးစွာ ရွာသွန်းခြင်းအားဖြင့် ပေါင်း အံ့ဖွယ်ငါးပါးတည်း။
၂။ ယခုအခါ တစ်စုံတစ်ယောက်သော အမျိုးသမီးမျှ ဘုရားကြီးကျောင်းပေါ်သို့ တက်ဝံ့သူမရှိ၊ ထိုကဲ့သို့ ဝေဒနာအန္တာရာယ်ကပ်ရောက်ခြင်းကို ထောက်ထားဆင်ခြင်လျှင်
ဘုရားရှင်တို့၏ ထုံးတမ်းစဉ်လာ စရိယသုံးပါးမှာ -
(၁) လောကတ္ထ စရိယ-သတ္တလောကတည်းဟူသော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့အကျိုးငှာ ကျင့်တော်မူခခြင်း။
(၂) ဉာတတ္ထစရိယ-ကိုယ်တော်တိုင် ဘုရားအဖြစ်သို့ ရောက်အောင် ကျင့်တော်မူခြင်း။
ဤကဲ့သို့ စရိယသုံးပါးကို ထောက်ထားပြုကျင့်တော်မူလျက် ဘယ်အတွက်ကြောင့် မိန်မများ မတက်ရသည်ကို ဆင်ခြင်စဉ်းစားပါလျှင် ဆံတော် တစ်ဆယ့်တစ်ဆူတို့သည် ကျောက်ဆောင်အတွင်း ဂူထဲတွင် ကိန်းဝပ်စံပယ်နေတော်မူသောကြောင့် (ဆံတော်ဓာတ်တို့၏အမြင့်က) ဘုရားကျောင်းပေါ်မှ မိန်းမများနေခြင်းကို ဆံတော်စောင့်နတ်များ မကြိုက်မနှစ်သက်သောကြောင့် နောက်နောင် မတက်ဝံ့စေခြင်းငှာ နတ်များ ခြောက်လှန့်သည်ဟု တွေးတောယူဆရန် ရှိသည်။
၃။ လွန်ခဲ့သော ၁၂၇၅-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း(၅)ရက်နေ့၊ ညနေ (၄)နာရီအချိန် ရေသတ္တဝါနဂါးသည် ရေလယ်မြတ်ဘုရားအား ဖူးမြော်ရန် လာရောက်သည်ကို အချို့လူများ တွေ့မြင်ရကြောင်း သမိုင်းဟောင်း၌ ဆိုသည်။ သို့ဖြစ်ပါ၍ အဟိတ်သား ရေသတ္တဝါနဂါးသော်မှ ဘုရားတည်းဟူသော သရဏဂုံကို ယုံကြည်ခြင်းထူးသဖြင့် ဖူးမြော်ရန် လာရောက်လေသည်။ အကျွနု်ပ်တို့ လူသတ္တဝါ ဒွိဟိတ် တိဟိတ်သားတို့မှာ အဘယ်သို့ ဆိုဖွယ်ရာမရှိ၊ ဂွမ်းဆီထိသည့် မပာပီတိ သောမနဿ စေတနာဖြင့်ဖန်ခါခါဆည်းကပ်၍ မပြတ်မလပ်ကြည်ညိုဖူးမြော်ရန် ရှိသင့်ပါတော့သည်။
၄။ ဤကဲ့သို့ ရုပ်ပွားတော် ဆင်းတုတောင်များကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်ခြင်းနှင့် စပ်လျဉ်း၍ မြစ်သားမြို့၊ အမိန့်တော်ရ ရှေ့နေဦးစံဖေ၏ လျှောက်ချက်ဖြစ်သော ပုစ္ဆာငါးရပ်ကို လယ်တီဆရာတော်ဘုရားကြီး ဖြေရှင်းတော်မူချက်များ၊ နောင်လာနောက်သား လူအများတို့ မှတ်သားနာယူကြရန် ရည်သန်ခြင်းဖြင့်
ထည့်သွင်းဖော်ပြလိုက်ပါသည်။
(၁) သစ်သားရုပ်တု ဆင်းတုတော်ကိုးကွယ်ရာတွင် အနေကဇာတင်ခြင်းနှင့် မတင်ခြင်းသည် အဘယ်သို့ ခြားနားပါသနည်းဟူသော ပုစ္ဆာအဖြေကား မြတ်စွာဘုရားသခင်သည် ရှေးဦးစွာ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး၍ ဘုရားအဖြစ်သို့ ရောက်သောအခါ လွန်စွာ ဝမ်းမြောက်တော်မူ၍ အနေကဇာဂါထာများ ကျူးရင့်တော်မူသည်။ ရုပ်ပွားဆင်းတုပြုလုပ်မှုမှာ ရုပ်သွင် ရုပ်ပုံသဏ္ဍာန်ပြည့်လျှင် ရုပ်ပွားတော်အစစ်ဖြစ်၏ သို့သော် ဆင်းတုရုပ်တုဆိုသည်နှင့်အညီ ဘုရားအစစ်ဖြစ်ခဲ့သော အခွင့်အရေးကိုအတူ
လိုက်၍ ပြုလုပ်နိုင်သမျှ ကောင်းမြတ်သည်သာဖြစ်သောကြောင့် ရုပ်ပွားဆင်းတုများကို အနေကဇာတင်မှု ပြုကြလေသည်။ ပြုသည့်အတွက်လည်း ကုသိုလ် ပိုမိုအထူးဖြစ်ရပြန်သည်။
(၂) အနေကဇာမတင်သော ဆင်းတုကို ကိုးကွယ်ရှိခိုးရာ၌ ကုသိုလ် ရ-မရ ပုစ္ဆာ၌ ဖြေဆိုဖွယ် အထူးမရှိ။ ပထမပုစ္ဆာအဖြေနှင့်ပင် ဖြေပြီးဖြစ်၏။
(၃) လူသားသတ္တဝါနှင့် အသက်မဲ့သစ်သားသည် မည်သည်ကို ရှိခိုးကိုးကွယ်ထိုက်ပါသနည်း။
(၄) သို့ဖြစ်လျှင် လူသားကိုယ်တိုင်ကို အနေကဇာတင်၍ ရှိခိုးပူဇော်က သာ၍ မမြတ်ဘဲရှိမည်လော။
(၅) ထိုလူသားကို ဘုရားအဖြစ် အနေကဇာမတင်ဘဲ ဘုရားဟူ၍ ဝန်ခံကာမျှ ဘုရားမှတ်၍ ရှိခိုးခြင်းသည် မှန်သောဘုရားကို ရှိခိုးရာ ရောက်မည်လောဟူသော အမေးပုစ္ဆာသုံးချက်သည် (အရေးမပါ အရာမရောက်)ကတောက်ကတက် ပုစ္ဆာများဖြစ်၍ ဖြေဖွယ်ကိစ္စမရှိပြီး။ (အရေးမပါ အရာမရောက်) ဆိုသည်ကား
အသက်မရှိသောသစ်သားကို အစွဲ့ပြုရသော အရာမျိုးမဟုတ်၊ အသွင်သဏ္ဍာန်များသာလိုရင်းဖြစ်၏။ ထိုသို့ဖြစ်ပါ၍ အသက်မရှိသော သစ်သားကို အစွဲ မေးခွန်းထုတ်ခြင်းသည် အရေးမပါ အရာမရောက်ဖြစ်လေသည်။ ထို့အတူ ကျောက်ဆင်းတု၊ ကြေးဆင်းတု၊ ငွေဆင်းတုများ၌လည်း ကျောက်၊ ကြေး၊ ရွှေ၊ ငွေများသည် လိုရင်းမဟုတ်၊ အသွင်သဏ္ဍာန်သာ လိုရင်းဖြစ်ကြောင်းကိုလည်း ဤဝတ္တုများထောက်ထား၍ ထင်ရှားစေရာ၏။
ဓမ္မာသောကမင်းကြီးသည် ကာလနဂါကြီးကို ခေါ်၍ မြတ်စွာဘုရား၏အသွင်ကို ဖန်ဆင်း၍ ပြပါဟုဆို၏။ ကာလနဂါးသည် မြတ်စွာဘုရား၏ အသွင်တော်ကို လက္ခဏာကြီးငယ် ရောင်ခြည်တော်ခြောက်သွယ်နှင့်တကွ ဖန်ဆင်း၍ ပြလေသည်။ မအိပ်ဘဲ ခုနှစ်ရက်ပတ်လုံး ဖူးမြော်ပူဇော်သည်ဟု ကျမ်းဂန်များတွင် လာရှိပါပသည်။ သီဟိုဠ်ကျွန်း၌ ဖုဿ ရေဝမထေရ်ကြီးသည် မာရ်နတ်ကြီးနှင့် တွေ့ကြရာတွင် "မြတ်စွာဘုရား၏ အသွင်တော်ကို ဖန်ဆင်းပြပါ" မာရ်နတ်ကြီးအား ဆို၏ မာရ်နတ်သည် လက္ခဏာကြီးငယ် ရောင်ခြည်တော်ခြောက်သွယ်နှင့်တကွ ဖန်ဆင်း၍ ပြလေ၏ မထေရ်ကြီးသည်လည်း ဘုရား၏ အသွင်တော်ကို မြင်ရ၍ မာရ်နတ်မှန်းသိလျက်နှင့်ပင် ရှိမခိုး ဦးမချဘဲ မနေနိုင်၊ ရှိခိုး ဦးချလေ၏။ မာရ်နတ်သည် မထေရ်၏ ရှိခိုးဦးချခြင်းကို မခံနိုင်၍ ချက်ချင်းပင် ကွယ်ရသည်ဟု ကျမ်းဂန်တို့၌ လာ၏။
ဤဝတ္တုတို့၌ ကာလနဂါးကြီးသည် တိရစ္ဆာန်မျိုးဖြစ်သည့်ပြင် ရန်သူလည်းဖြစ်၏။ ထိုသို့ဖြစ်ပါလျက် အသွင်တော်ကို မြင်ရသည့်အတွက် ဓမ္မာသောကမင်းကြီးနှင့် ဖုဿ ရေ၀ မထေရ်ကြီးတို့ ရှိခိုးခြင်းကို ပြုကြလေ၏။ အသွင်သဏ္ဍာန်သည် ဤမျှ သဒ္ဓါတရားကို ပွားစေနိုင်၏။ ဤဝတ္တုများထောက်၍ သစ်သား၊ ကျောက်၊ ကြေး၊ ရွှေ၊ ငွေ စသည့် အရာဝတ္တုများသည် မဓာနပဟုတ်၊ အသွင်သဏ္ဍာန်တော်သာ ပဓာနဖြစ်သည်ဟု ထင်ရှားလေ၏။ ဘုရား၏အသွင်သဏ္ဍာန်ဟု သိလျက်သားနှင့် ပြစ်မှားကျူးလွန်မိလျှင်လည်း အပြစ်ကြီး၏ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို ပြစ်မှားသည်နှင့် အလားတူ၏။
ကျိုက္ခမီမြို့၏ပထဝီအနေအထား ကိုဆက်လက်ဖတ်နိုင်သည်

သစ်သားရုပ်တု ဆင်းတုတော်ကိုးကွယ်ရာတွင် အနေကဇာတင်ခြင်းနှင့် မတင်ခြင်း

Ads go here
Comments