ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားကြီး
ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားကြီး
-------------------------------------------
ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူခြံရံကာ ရစ်ခွေနေသော ကိုယ်ထည်ထက် ဖွင့်ဟထားသော နဂါးခံတွင်းအလယ်တွင် တင့်တယ်စွာစံပယ်နေသော ဗုဒ္ဓရုပ်ပွားတော် မြတ်တစ်ဆူကို ဖူးတွေ့ရမည်ဖြစ်သည်။ အဆိုပါရုပ်ပွားတော်မြတ်မှာ ကျိုက္ခမီ ရေလယ်ဆံတော်ရှင်ဘုရားဖြစ်သည်။ ထိုဘုရားကြီးသည် မူလရုပ်ပွားတော် ၏ ကိုယ်စားဖြစ်သည်။ မူလရုပ်ပွားတော်ဆိုသည်မှာ သီဟိုဠ်ကျွန်းမှ မျောလာသော ရုပ်ပွားတော်ကို ဆိုလိုသည်။ သက္ကရာဇ်၂၃၇ ၌ သီဟိုဠ်ကျွန်းရှိ ပိယတိသ်သမင်းကြီးသည် မြတ်ဘုရားရှင်၏ ဆံတော်မြတ်နှင့် သရီရဓါတ်တော်တို့ ကိန်းအောင်းနေသော အရပ်သို့ အဓိဌာန်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုလေးဆူထုလုပ်ပြီး ပင်လယ်ပြင်သို့ မျှောချလေသည်။
ထိုလေးဆူအနက် သင်္ကန်းတုံးပေါ်တင်ပြီး မျှောလိုက်သော ရုပ်ပွားတော် တစ်ဆူသည် ယခု ကျိုက္ခမီမြို့ ရေလယ်ကျောက်တိုက်နှင့် မနီးမဝေး အလံ၅၀ ခန့်တွင် ရပ်တန့်စံပယ်တော်မူနေပါသည်။ ထိုအခါ မြို့သူမြို့သားများက လှေဖြင့် ကူးပြီး ရုပ်ပွားတော် စံပယ်တော်မူနေသော သင်္ကန်းတုံးကို ကြိုးတပ်လျက် ကုန်းပေါ်သို့ ကြွှနိုင်အောင် ၀ိုင်းဝန်းဆွဲတင်ကြ၏။
သို့သော် သင်္ကန်းတုံးမှာ ကြွတော်မမူပဲ ထိုနေရာ၌သာ စံမြဲစံတော်မူနေသည်။ ထိုစဉ် အကျင့်သီလနှင့်ပြည့်စုံသော မုဆိုးမတစ်ဦးက ချည်ခင်မှ ချည်ပင်တစ်ပင်ဖြင့် သင်္ကန်းတုံးကို ရစ်ပတ်၏။ ပြီးလျှင် သူမသည် ငါးပါးသီလကို ကျူးလွန် ပျက်ကွက်ခြင်းမရှိ စောင့်တည်ခဲ့သည်မှာ ကလေးဘ၀မှ စပြီး ယခုအချိန်ထိ ဖြစ်သည်။ မှန်ကန်သော သစ္စာစကားကြောင့် ဗုဒ္ဓရုပ်ပွားတော်မြတ်သည် ကြွလာ ပါစေသတည်း ဟုအဓိဌာန်ပြီး ချည်ပင်ကို ကိုင်ပြီး ဆွဲယူလျင် ရုပ်ပွားတော်မြတ်သည် ယခုဝတ်ကျောင်းတော်ကြီး တည်ဆောက်ထားသော နေရာအနီး ကျောင်းဆောင်ပေါ်သို့ ကြွရောက်စံမြန်းတော်မူလေသည်။
ထိုသို့စံမြန်းတော်မူပြီး နှစ်ပေါင်းများစွာကြာလျင် ကျောင်းဆောင်ပျက်စီး ယိုယွင်းသဖြင့် သစ်သားကျောင်းဆောင်သစ် တစ်ခုအတွင်း ပင့်ဆောင်ကိုးကွယ် လျက်ရှိရာ သက္ကရာဇ် ၁၂၈၈ ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၁)ရက်၊ ည(၁၁)နာရီတွင် ဘုရားမီးပူဇော်ရာမှ ထိုကျောင်းဆောင်ကြီး မီးခလေသည်။ ထိုအခါ ၀ံသာနုခေါင်းဆောင် ဦးချစ်လှိုင် နှင့် ဂေါပကအဖွဲ့ဦးကြာလှိုင်တို့ ကြီးမှူးပြီး အုတ်ဂန္ဓကုဋီတိုက်ကို ပြန်လည်တည်ဆောက်တော်မူကာ မူလရုပ်ပွားတော်ကြီးကို ဌာပနာထားခြင်းဖြစ်သည်း။ တစ်နည်းအားဖြင့် သီဟိုဠ်ကျွန်းမှ မျောလာသော မူရုပ်ရုပ်ပွားတော်မျှောဘုရားမှာ ဌာပနာတိုက်တွင်းကိန်းဝပ်စံပယ်နေပြီး မူလမျှောဘုရား၏ ကိုယ်စား ဥာဏ်တော်နှစ်ထောင့်ထွာရှိသော ထိုရုပ်ပွား တော်မှာ ကျိုက္ခမီရေလယ်ဆုတောင်းပြည့်ဆံတော်ရှင်ဘုရားအဖြစ် နာမည်ကျော်ကြားနေခြင်းဖြစ်သည်။
ဘုရားဖူးခြင်းအပြင် အပန်းဖြေခြင်း၊ ဘေးမဲ့ငါးများကို အစာကျွေးခြင်း၊ ပင်လယ်ဝရှု့မျှော်ခင်းများ အလှအပကို ခံစားခြင်း၊ ဘုရားပရ၀ဏ် အတွင်း၌ အလွန်သံသာသော ရှေးဟောင်းခေါင်းလောင်းကို လေ့လာနိုင်ခြင်း၊ ဓါတ်တော်တိုက်ကို ဖူးတွေ့ခွင့်ရခြင်း၊ အမှတ်တရပစ္စည်းများ အလွယ်တကူ ၀ယ်နိုင်သော ဆိုင်ခန်းများစွာရှိခြင်း၊ ငွေကျယ်ငါးထောင်ပေးရုံဖြင့် အယောက်(၂၀)တည်းခိုနိုင်သော ဇရပ်(၅၄)ဆောင်ရှိခြင်း၊ စသည်တို့ကြောင့် ကျိုက္ခမီ ရေလယ်ဆုတောင်းပြည့်ဆံတော်ရှင်ဘုရားသည် ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသည်များ တစ်နှစ်ပတ်လုံးစည်ကားလျက်ရှိသည်။
သီတင်းကျွတ်လပြည့်နေ့မှ လပြည့်ကျော် (၅)ရက်နေ့အထိ ကျင်းပသော ဘုရားကြီး၏ ပွဲတော်ရက်သည် အစည်ကားဆုံးဖြစ်သည်။
ကဆုန်ညောင်ရေသွန်းပွဲနှင့် သင်္ကြန်ပွဲတော်များသည်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
(ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရား၊ ဓမ္မစေတီရပ်ကွက်၊ ကျိုက္ခမီမြို့၊ သံဖြူဇရပ်မြို့နယ်။)
.
Photo credit to original owners
မွန်ပြည်နယ် ၏ အလှအပများ ဖေ့ဘွတ်မှ ပြန်လည်ကူးယူဖော်ပြသည်။
သမိုင်းအပြည့်အစုံသို့ => ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီး၏ သမိုင်းအစ
Ads go here







































Comments