အ.ထ.က ကျိုက္ခမီမြို့ မှ ဂုဏ်ထူးရ ကျောင်းသူ ကျောင်းသားများ၊ ဂုဏ်ထူးဆုမှတ်တမ်းလွှာများနှင့်တကွ ဆရာ ဆရာမများ
နာသုံးနာရှင် ဆရာသခင်
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့ဟု…
ရှေးကဆိုထား ၀တ်ငါးပါးကို
တစ်ပါးမယွင်း ပြည့်စုံခြင်းဖြင့်
စိတ်ရင်းဖြူစင် မငြိုငြင်ဘဲ
ချစ်ခင်သနား မေတ္တာထား၍
နာများစွာနဲ့ ဆုံးမပဲ့ပြင်
အိုဘယ့် အနစ်နာရှင် ဆရာသခင် …… ။ ။
တပည့်မရှား တစ်ပြားမရှိ
ပီတိကိုစား ညာဏ်စွမ်းအားဖြင့်
မာန်များကင်းစင် ရှေ့သို့နှင်လျှက်
ပြုံးရွှင်ကြည်သာ ချိုမြစွာနှင့်
ချိန်ခါမရွေး ဆုံးမပေးသည်
အိုဘယ့် ၀ါသနာရှင် ဆရာသခင်….။ ။
စွမ်းအားကိုမြှင့် လမ်းများဖွင့်လျှက်
ကျောနှင့်ရင်သား မခွဲခြားဘဲ
စိတ်ထားညီကာ တူမျှစွာနှင့်
ကြိမ်စာမကျွေး အလိမ္မာပေး၍
ညွှန်ကာလမ်းပြ ဆိုဆုံးမသည်
အိုဘယ့် စေတနာရှင် ဆရာသခင် …..။ ။
အပြစ်မရှာ ချစ်သဒ္ဓါနဲ့
သစ္စာမပျက် ဂုဏ်မမက်ဘဲ
ထက်မြက်စေရန် စေတနာမှန်နှင့်
နာခံစေရေး သင်ကြားပေးလျှက်
နွေးထွေးမေတ္တာ ဆုံးကမ္ဘာတည်
အိုဘယ့် ဆရာသခင် ကျေးဇူးရှင်…..။ ။
ဆရာကျေးဇူး မြင်းမိုရ်ဦးကို
ဖတ်ဖူးသေချာ ဒို့ဝန်တာမှာ
လိမ္မာစေရန် ဆုံးမခံလျက်
ထက်သန်စိတ်ကူး တို့ရည်စူး၍
ကျေးဇူးဆပ်ကာ ရှေ့သို့သာသွား
တပည့်အများ ညီစေသား … ။ ။
၎ဘာသာ ဂုဏ်ထူးရှင် - ကျောင်းသူ ကျောင်းသားများ
၃ဘာသာဂုဏ်ထူးရှင် ကျောင်းသူ ကျောင်းသားများ
၂ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူ ကျောင်းသားများ
၁ဘာသာဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူများ
ဒသမတန်းတင် ဆရာမများ
အခမ်းအနားကို လှပအောင် တာဝန်ယူခဲ့ပေးကြသော တီချယ်များ
ဓါတ်ပုံများကို ကျေးဇူပြုပြီး
ကျွန်ေ်တ်ာဆီ ပို့ပေးကြပါခင်ဗျာ..
ကျွန်ေ်တ်ာဆီ ပို့ပေးကြပါခင်ဗျာ..
Facebook: လင်းနိုင်ဦး
hotmail: linnaingookkm@hotmail.com
တွေ့သလောက် ဖေ့ဘွတ်ကနေ ပြန်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
တွေ့သလောက် ဖေ့ဘွတ်ကနေ ပြန်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Ads go here
Comments