ကွယ်လွန်သူ [အဘ ဦးစန်းတင်] အသက်(၉၅)နှစ် အောင်သုခရပ်ကွက်
ကွယ်လွန်သူ [အဘ ဦးစန်းတင်]
အသက်(၉၅)နှစ်
အောင်သုခရပ်ကွက်
ကွယ်လွန်သူ အတွက် သဂြိုဟ်စရိတ်(၂သောင်း)ကျပ်
နာရေးအတွက်ကူညီထောက်ပံ့ငွေ(၃သောင်း)ကျပ်အား
ဟိတကာရီဗုဒ္ဓဘာသာလူငယ်များနာရေးကူညီမှုအသင်းမှ
ကွယ်လွန်သူမိသားစုထံပေးအပ်ခဲ့ပါသည်
နာရေးအတွက်ဝိုင်ဝန်းကူညီပေးကြသူအသင်းသူအသင်းသားအားလုံးအားကျေးဇူးတင်ပါသည်
Credit to ဟိတကာရီ ဗုဒ္ဓဘာသာလူငယ်များနာရေးကူညီမှုအသင်း
* ကွယ်လွန်သူ [အဘ ဦးစန်းတင်] ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ကျိုက္ခမီမြို့သူ/သားများထပ်တူ ၀မ်းနည်းရပါကြောင်းနှင့်
* ကွယ်လွန်သူ [အဘ ဦးစန်းတင်] သည် မိမိပြုခဲ့သော ကောင်းမှုကုသိုလ် အဖို့ ဘာဂ ကို အမျှရ၍ သာဓု သာဓု သာဓု ခေါ်ဆို၍ သုဂတိ ဘုံသို့ ရောက်ပါစေသာ။
ကျိုက္ခမီမြို့သူ/သားများမှ ဆုတောင်း မေတ္တာပို့သလိုက်သည့်အပြင်
ရုပ်နာမ်နှစ်ဝ သင်္ခါရကို ငါဟုသမုတ် ယနေ့ကွယ်လွန်သူ [အဘ ဦးစန်းတင်] သည် ဤလူ့လောက၌ရှိစဉ် ကောင်းမှုများကို ကောင်းစွာရွှင်လန်း ကြိုးပမ်းတကုတ် အားထုတ်ကုသိုလ်အစု ကောင်းမှု မင်္ဂလာကြောင့် ဘုရားမြတ်စွာ လက်ထက်တော်အခါဝယ် သာသနာဦးစီး အရှင်မဟာကဿပ စသော မထေရ်ကြီးကဲ့သို့ လောကအကျိုး သာသနာအကျိုး သယ်ပိုးလိုလား မဟာထေရ်ကြီးများတို့သည်လည်းကောင်း၊ လောကအကျိုး၊ သာသနာ့အကျိုး သယ်ပိုးလိုလား၊ မင်းကောင်း မင်းမြတ်များတို့သည်လည်းကောင်း၊ ငါးမာန်အောင်မြင် ဘုရားရှင်၏ သုံးခွင်စကြာ သာသနာကို ကမ္ဘာအတွင်း ရောင်ဝါလင်းလျက် အနှစ်ငါးထောင် မြင့်ခေါင်ရှည်ကြာ တည်ပါစေခြင်း အကျိုးငှာ ကောင်းစွာ လျှောက် စောင့်ရှောက်ကူညီပါစေသော်ဝ်။
ယနေ့ကွယ်လွန်သူ [အဘ ဦးစန်းတင်] သည် အဆုံးဘ၀ နောက်ကာလ၌ ဓမ္မငါးခိုင်း ကိုယ်တိုင်သိငြား ပညာဓိက ဘုရားအဖြစ်သို့ စင်စစ်မုချ ရောက်ရှိရ၍ များလှဖုံဖုံ အလုံးစုံသော သုံးဘုံတိုက်နေ ဗိုလ်ခြေများစွာ နတ်လူ ဗြဟ္မာ ဝေနေယျတို့ကို သံသရာပြင်ကျယ် မြစ်ပင်လယ်တစ်ခွင် ကယ်တင်ရပါလို၏ဟူ၍ ကျိုက္ခမီမြို့သူ/သားများမှထပ်တူဆုတောင်းပါပေး၏။အရှင်ဘုရား။
ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ် - ဓမ္မစရိယ ဦးတင်မြင့်ဆုတောင်းပတ္ထနာမှ ကိုးကားရေးသားခြင်းဖြစ်ပါသည်။
ဓမ္မစရိယ ဦးတင်မြင့်အား ဘေးရန်ကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ ကိုယ်ဆင်းရဲကင်းပါစေ သာသနာ့ဝန်ကို ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွတ်နိုင်ပါစေ။
ကျိုက္ခမီမြို့သူ/သားများမှ သာဓု သာဓု သာဓုပါ ဘုရား။
ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ်ဒေါင်းလော့ယူရန်
Credit to Ko Pyi Soe
ကျိုက္ခမီမြို့ အောင်သုခ ၃ လမ်းနေ ကွယ်လွန်သူ (ဦးစန်းတင် အသက် ၉၅ ) နှစ်
Credit to Ko Moe Kyaw
Ads go here
















Comments