#၀ါဆိုလ



#၀ါဆိုလ

ဝါဆိုသည် မြန်မာပြက္ခဒိန်၏ စတုတ္ထလ။ ယခင်အမည် နွယ်တာဖြစ်သည်။ ဝါဆိုတွင် ၃၀ ရက်ရှိသည် (ရက်စုံ)။ ဝါထပ်သောနှစ်တွင် ပထမဝါဆို နှင့် ဒုတိယဝါဆို ဟူ၍ နှစ်မျိုးရှိပါသည်။

မယ်တာလခေါ်(ဝါဆို) အမည်ရှိသည့်စတုတ္ထလသည် ဂျွန်-ဂျူလိုင်တွင် ကျရောက်သည်။ 'မယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက်စိုက်ပျိုးသည့် မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ်ရသောကြောင့် ယခုလသည် ကောက်ပင် စိုက်ပျိုးမည့် မြေကို အကွက်ငယ်များအဖြစ် တိုင်းကာမြေကွက်များအား ကဇင်းတင်သည့်လုဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုမြေကွက်အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆိုဟု ပြောင်းလဲခေါ်ရခြင်းမှာ ယခုလကမှ အစပြုပြီး ရဟန်းသံဃာတို့အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ခမ်းကို ခွဲခွာ၍ အခြားအရပ်တပါးသို့ မသွားရဟု စတင် ကန့်သတ်သည့်ကာလ ဖြစ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ မြတ်လေးပန်း (Pomea coccinea) ဖြစ်သည်။
ခေါ်ဝေါ်ပုံ

ဝါဆိုလကို ရှေးအခါ ကာလက နွေတာလ ဟုရေးသားကြကြောင်း မှတ်သားရ၏။ ၀ါဆိုလပြည့်နေ့သည် နွေရာသီ၏ အဆုံးအဖျားကာလ ရောက်သည့်အချိန်ဖြစ်၍ နွေတာလဟု ခေါ်ဝေါ်ကြောင်း မှတ်သားရ၏။ မင်းကြီးစွာစော်ကဲလက်ထက် မိဖုရားစော၏ အလှူမှတ်တမ်းကျောက်စာတွင် `ဘုရားမြတ်မွန်၊ နိဗ္ဗာန်လွန်ပြီး၊ သာသနာ ၁၉၄၂၊ သက္ကရာဇ် ၇၆၀ နွေတာလဆန်း´ဟု ရေးသားဖေါ်ပြထားရာ နွေတာလ အသုံးအနှုန်းသည် ပုဂံခေတ်သုံးပင် ဖြစ်လေသည်။ ၀ါဆိုလဟု ခေါ်ဆိုသည်မှာ ပရိယတ္တိသာသနာတော် ထွန်းကားရေးကို ရှေ့ရှုပြီး ရဟန်းသံဃာတော်တို့ ၀ါဆိုဝါကပ်ပြုတော်မူသည်ကို အကြောင်းပြုကာ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ပွဲတော်များ

ဝါဆိုလတွင် ဝါဆိုသင်္ကန်းကပ်ပွဲနှင့် ပဉ္စင်းခံပွဲများရှိသည်။
အခါတော်နေ့

ပဋိသန္ဓေယူသောနေ့
တရားဦး(ဓမ္မစကြာ)ဟောသောနေ့

Ads go here

Comments

မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send