ရှုခင်းသာယာ 
ကျိုက္ခမီငွေသောင်ယံမှာ


ကျိုက္ခမီငွေသောင်ယံ
ကျိုက္ခမီမြို့၏ အနောက်ဘက်သို့ မျှော်ကြည့်လိုက်သော် မျက်စိတဆုံး အနှုန်းကျယ်လှသည့် ပင်လယ်ကြီးကို တွေ့ရမည်ဖြစ်သည်။ ဖြူလွလွ ဘော်ငွေရောင် သဲသောင်ပြင်ကြီး၏အလယ်တွင် ကြိုကြားပေါ်နေသော ကျောက်တောင် ကျောက်စွယ်များသည် မဟူရာ ကျောက်ကလေးများ စီထားသကဲ့သို့ ကျိုက္ခမီငွေသောင်ယံ၏အလှကို အားဖြည့်ထားသကဲ့သို့ ရှိချေသည်။ ပင်လယ်ဒီရေလှိုင်ကလေးများ အကြားတွင် မြုပ်ချည် ပေါ်ချည် ရှိနေသော ကျောက်ဆောင် ကျောက်တန်းကလေးများ၏ သဘာဝအလှမှာ ကျိုက္ခမီရေလယ်ဘုရားဖူးဧည့်သည်တော်များ၏ စိတ်နှလုံးကို ထာဝရ အေးချမ်းစေသည်။ ဤမျှ သာယာလှပသော ကမ်းခြေပေါ်တွင် တန်ခိုးကြီး ထင်ရှားလှသည့် ကျိုက္ခမီရေလယ်ဘုရားကျောင်းတော်ကြီးသည် သိမ်တော်ကြီး၊ ဇရပ်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းနှင့် စောင်းတန်းများ ခြံရံလျက် ကြည်ညိုစဖွယ် တင့်တယ်စွာ စံပယ်လျက်ရှိနေပြန်သည်။

ဘုရားကြီး၏ မြောက်စူးစူးသို့ တစ်ဖန်မျှော်ကြည့်လိုက်လေလျှင် ကမ်းမမြင် လမ်းမမြင် ကျယ်ပြောလှသည့် ဘင်္ဂလားပင်လယ်အော်ကြီးကို ဆွတ်ပျံ့ဖွယ်မြင်တွေ့ရပေမည်။ လက်ယာဘက်သို့ အနည်းငယ်ကြည့်လိုက်ပြန်လျှင် မှိုင်ညို့ညို့ ထင်နေသည့် ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှ တောင်တန်းကြီးများကိုလည်းကောင်း၊ မော်လမြိုင်၊ မုဒုံရှိ တောင်တန်းတောင်စွယ်များကိုလည်းကောင်း လှပစွာမြင်တွေ့ရပေမည်။ ထို့အတူ အနောက်တောင်ဘက်သို့ ကြည့်လိုက်ပြန်လျှင် စိမ်းစိုမှိုင်းညို့နေသည့် ကျွန်းကလေးတစ်ကျွန်းကို လှမ်း၍မြင်နိုင်ပေသည်။ ထိုကျွန်း၏ အလယ်တွင် ကောင်းကင်သို့ ထိုးထွက်နေသော မီးပြတိုက်ကြီးမှာ ကျွန်းကလေးနှင့် ပနံရလှသည်။ တစ်ဖန် ကမ်းခြေအစပ် ကုန်းမြေမြင့်ဆီသို့ ကြည့်လိုက်ပြန်လျှင် ထုံးဖွေးဖွေးနှင့် ဘုရားစေတီများ၊ ကိုယ်ပွားတော် ဂန္ဓကုဋီတိုက်သစ်ကြီးနှင့် သာသနိကအဆောက်အအုံများကို မြင်တွေ့ရမည်ဖြစ်ရာ ကျိုက္ခမီငွေသောင်ယံ၏အလှကို ပို၍တိုးလာအောင် အနားသတ်ထားသကဲ့သို့ ရှိနေပြန်သည်။ ဤကမ်းခြေအလှသဘာဝသည်ပင် တစ်ချိန်က ကျိုက္ခမီမြို့ကို လေညင်းခံရာမြို့တစ်မြို့ အဖြစ် ကျော်ကြားကာ လူသိများစေရန် ဆွဲဆောင်ကြော်ငြာပေးနေသကဲ့သို့ ရှိချေသည်။
ထိုသို့သော် ကျိုက္ခမီငွေသောင်ယံ၏ အလှအပရတနာများသည် ကျိုက္ခမီရေလယ်ဘုရားကြီး၏ တန်ခိုးတော်၊ ဘုန်းတော်ရိပ်တွင် ခိုလှုံလျက် ရာမညဒေသ မွန်ပြည်နယ်၏ ဂုဏယူဖွယ်သမိုင်းဝင် ဌာနတစ်ခုအဖြစ် ထာဝရ ရပ်တည်လျက် ရှိနေချေပြီးတကား။

ဆင်ပုန်းဂူဘုရား
ကျိုက္ခမီမြို၏ တောင်ဘက်၊ ကျိုက္ခမီရေလယ်ဘုရားကြီး၏ အရှေ့တောင်ဘက်တွင် ဆင်ပုန်းဂူနှင့် ဆင်ပုန်းဂူဘုရားရှိလေသည်။ ထိုနေရာ၌ သစ်ပင်ကြီးများ အုပ်ဆိုင်းလျက် ဘုရားဖူးဧည့်သည်များနှင့် ခရီးသွားများ စိတ်အေးချမ်းသာစေရန် နတ်များဖန်တီးထားသကဲ့သို့ ရှုမောဖွယ်ရာ ကောင်းလှပေသည်။ ကုန်းမြေနှင့် တစ်ဆက်တစ်စပ်ရှိ၍ ပင်လယ်ထဲသို့ ထိုးထွက်နေသော ကျောက်ဆောင်ပေါ်တွင် ဘုရားကိုတည်ထားရာ တစ်မျိုးတစ်ဘာသာ ထူးခြားလှပနေသည်။ ဘုရား၏နံဘေးတွင် အာရုံခံတန်ဆောင်းနှင့် ရုပ်ပွားတော်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်များရှိသည်။ ဘုရားရင်ပြင်ပေါ်မှ ပင်လယ်သို့ ရှုကြည့်လိုက်လျှင် အလွန်တရာ လှပဆန်းကြယ်သော ဆေးရောင်စုံပန်းချီကားကြီးတစ်ချပ်သဖွယ် ပင်လယ်ပြင်၏ ရှု့ခင်းအလှကို မြင်ရမည်ဖြစ်သည်။ ဘုရား၏ ခပ်လှမ်းလှမ်းတွင် ဆေးဖိုကျွန်မီးပြတိုက်နှင့် မနီးမဝေး သောင်ပြင်ပေါ်ရှိ ကျောက်တုံးကြီးပေါ်တွင်မူ စေတီငယ်တစ်ဆူကိုလည်း လှမ်းမြင်ရပေမည်။
ဤဆင်ပုန်းဂူနှင့်ဘုရားသည် လွန်လေပြီးသော အတိတ်က ကြီးကျယ်ထင်ရှားသော သမိုင်းဟောင်းများ ရှိခဲ့သည်။ အလောင်းတော် ဆဒ္ဒန်ဆင်မင်း ကျက်စားစံပျော်ခဲ့ရာနေရာဟောင်းဖြစ်လည်းကောင်း၊ ဈာန် အဘိညာဉ်ရ ရသေ့၊ ရဟန်း၊ ၀ိဇ္ဇာ၊ ဇော်ဂျီများ နေထိုင်ခဲ့သည့် သမိုင်းဝင်ဂူအဖြစ်လည်းကောင်း၊ စိတ်ကောင်း စေတနာကောင်းရှိသည့် ကျိုက္ခမီမြို့သူ- မမင်းသိန်-ဥစ္စာစောင့်၏ သိုက်နန်းအဖြစ်လည်းကောင်း လူသိများကျော်ကြားလျက် ရှိသည်။

Ref:"ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီးသမိုင်းစာအုပ်မှ
ကျောင်းဆရာမ မသန့်ဇင်ဦး(ကျိုက္ခမီမြို့သူ)အကူအညီဖြင့် စာပြန်ရိုက်ဖော်ပြခြင်း ဖြစ်ပါသည်။

စာပြန်ရိုက်ဖော်ပြသူ - By ကျိုက္ခမီသား လင်းနိုင်ဦး




 










ပို့ပေးသူ - Sergio Ramos 
Credit to photo owner






















Photo owner Ko Kyaw Hein

ကျိုက္ခမီမြို့နေ၀င်ဆည်းဆာအလှ Credit to မူရင်း ဓါတ်ပုံရိုက်သူများ
Credit to All

















Credit to All Photo Owner
Ads go here

Comments

မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send