ကျိုက္ခမီမြို့လုံးဆိုင်ရာ မန်းရတနာရပ်ကွက် နာရေးကူညီမှုအသင်း၏ ရှင်းလင်းချက်များ



ကျိုက္ခမီမြို့လုံးဆိုင်ရာ မန်းရတနာရပ်ကွက် နာရေးကူညီမှုအသင်း

အသင်းတည်ထောင်သည့်နေ့ - ၁၃ . ၂. ၂၀၁၄

အသင်းစတည်ထောင်သူကော်မတီအဖွဲ့ဝင် - ၁၀ ဦး
အသင်းကို လူငယ်တွေနဲ့ဖွဲ့စည်းထားပါသည်။

* အသင်း၏တည်နေရာ - ကျိုက်ခမီမြို့ မန်းရတနာအပေါ်ပိုင်း သာယာကုန်းရပ်ကွက် ရပ်ကွက်အုပ်ချုရေးမှူးရုံးအနောက်လမ်း ဖိုးဝင်းကြည်တို့ အိမ်လမ်းဖြစ်ပါသည်။

* ဖွဲ့စည်းရခြင်း အကြောင်းအရင်း - မရှိဆင်းရဲသားများ နာရေးဖြစ်ပြီးဆိုလျှင် ငွေကြေးအခက်အခဲများစွာနဲ့ အများကြီးကြုံတွေ့ကြရသည်။

အဲဒါတွေမြင်ရတွေ့ရပြီး နာရေးအသင်းဖွဲ့ကြရအောင်ဆိုပြီး အသင်းကော်မတီအဖွဲ့ဝင် - ၁၀ ဦးနဲ့ ဦးဆောင်ပြီး အဖွဲ့ကို စတင်ဖွဲ့စည်းဖြစ်ခဲ့ကြသည်။

ယခုလက်ရှိအသင်းသားဦးရေ - ၈၂၀ယောက်ရှိပါသည်။

ရှင်းလင်းချက်။ ။ - နောက်တိုးအသင်းဆိုတာက အသင်းကြီးဝင်ထားတယ့်မိသားစုတွေမှဝင်ခွင့်ရှိတာပါ။ တခြားအပြင်လူဝင်လို့ မရပါဘူး။
- နောက်တိုးမိသားစုထဲကသေလျှင် အသင်းဝင်တစ်ဦးကိုကောက်ခံငွေ၁၅၀၀ဖြစ်ပြီး နောက်တိုးမဝင်ထားတယ့်မိသားစုကသေလျင် ကောက်ခံငွေကတစ်ထောင်လို့ သတ်မှတ်ထားပါသည်။

အသင်းမှာ ထောက်ပံ့တဲ့သူမရှိပါ။ အလှူခံလည်းမထွက်ပါ။ ကိုယ့်စနစ်နဲ့ကိုသွားကြတာဖြစ်သည်။

နားရေးဖြစ်လျှင် ထောက်ပံ့ငွေ ပမာဏ - 
အသင်းဝင်မဟုတ်တဲ့မရှိဆင်းရဲသားနာရေးအိမ်တွေဆို အလှူငွေ၃သောင်းထောက်ပံ့ပါသည်။
အခုလက်ရှိနာရေးဖြစ်လျှင် ပေးတဲ့ငွေက ၇သိန်းခွဲဖြစ်နေပါသည်။
နောက်တိုးအသင်းဝင်ထားတယ့်သူဆိုလျှင် ၈သိန်း၂သောင်းရနေပါသည်။

ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူလျှင် အသင်းမှထောက်ပံ့ငွေ၇သိန်း လူအင်အားပါ ကူညီပေးပါသည်။
လက်ထောက်ဆရာတော် ပျံတော်မူလျှင် ငါးသိန်း။
အခန်းနေ ဦးပဇင်း ပျံတော်မူလျှင် ငါးသိန်း။
ကိုရင် ပျံတော်မူလျှင်  သုံးသိန်း။
သီလရှင်ဆိုသုံးသိန်း ဆိုပြီး အသီးသီးသတ်မှတ်လိုက်ပါသည်။
မှတ်ချက်။ ။ ဝါဆိုသံဃာစာရင်းတော့ ပြပေးရမှာ ဖြစ်ပါသည်။
ဝါဆိုထားတယ့်ကိုယ်တော်တွေမှသာ ခံစားခွင့်ရှိပါမည်။

နောက်ပြီး အသင်းဝင်အိမ်ပေါ်မှာဧည့်သည်သေဆုံးလျှင် ထောက်ပံ့ငွေ၃သောင်းပေးပါသည်။

ဘုန်ကြီးကျောင်းအရေအတွက် - ကျိုက္ခမီမြို့ပေါ်ကျောင်း၁၆ကျောင်းနှင့်ကဒါတ်ထောက်အပါဝင် ကျောင်းပေါင်းနှစ်ဆယ်ကို တာဝန်ယူပေးလိုက်ထားပါတယ်။

အသင်း၏ လှုပ်ရှားမှု ။ ။ နာရေးဖြစ်ပြီဆိုလျင် ဘာလိုအပ်ပါသလဲ လူအင်အားနဲ့ အစစအရာရာအားလုံး ကူညီပေးကြသည်။
အသုဘပို့လျှင် အသင်းကလူငယ်လေးတွေက အချိုရည်ကမ်း ကွမ်းယာကမ်း သကြားလုံးကမ်း
ပြန်လာတယ့်သူတွေကိုထမင်းဝိုင်းပြင်ပြီတော့ 
အလုပ်ကိုင်နေ့ကျလျင်လဲ လူငယ်တွေကို ဝိုင်းလုပ်ကြပါသည်။

အသင်း၏အစည်းအဝေ - နာရေးအသင်းတည်ထောင်ထားပြီတော့ အသင်းဝင်ကော်မတီဆယ်ဦးစုပြီး အစည်းဝေးထိုင်ကြသည်။
အကြံပြုကြသည်။ လက်ခံကြသည်။ စည်းကမ်းတွေသတ်မှတ်ကြသည်။

Credit to 
ကျိုက္ခမီမြို့လုံးဆိုင်ရာ မန်းရတနာရပ်ကွက် နာရေးကူညီမှုအသင်းတစ်ဦးဖြစ်သည့် ကိုချစ်မင်းကို Facebook CB မှ မေးမြန်းထားတာ ဖြစ်ပါသည်။
Ads go here

Comments

မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send