(၂၉.၈.၂၀၁၆) ရက်နေ့တွင် မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက္ခမီမြို့တွင် အ မ တ ဒါနအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါသည်။


🎴🎴
မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက္ခမီမြို့တွင် အဆင့် (၁) ခေတ်မှီမီးသင်္ဂြိုဟ်စက်နှင့် သုဿန်ကို (၂၃.၁၀.၂၀၁၃) ရက်နေ့တွင် ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သြဝါဒစရိယဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး (၂၇.၅.၂၀၁၄) ရက်နေ့တွင် ခေတ်မှီမီးသင်္ဂြိုဟ်စက်တည်ဆောက်ပြီးစီးခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားနှင့် ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ၏ စာပေဟောပြောပွဲအခမ်းအနားတို့ဖြင့် တည်ဆောက်ပြီးစီးနိုင်ခဲ့သည်။


🚑🏥
ကျိုက္ခမီမြို့ ဟိတကာရီနာရေးကူညီမှုအသင်းကိုလဲ (၁၀.၆.၂၀၁၃) ခုနှစ်တွင် စတင်ထူထောင်ခဲ့၍ (၂၃.၇.၂၀၁၅) ရက်နေ့တွင် ပြည်ထောင်စုသမ္မတနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုမှတ်ပုံတင်လက်မှတ်ရ နာရေးကူညီမှုအသင်း အဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

📢📢
(၂၉.၈.၂၀၁၆) ရက်နေ့တွင် မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက္ခမီမြို့တွင် အ မ တ ဒါနအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

📝📝
အဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်-
လူမျိုး၊ ဘာသာ၊ အသားအရောင်မခွဲခြားပဲ ကွယ်လွန်အနိစ္စရောက်သူများကို သုဿန်သို့ စနစ်တကျပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည့်အခေါင်း (ခ) သစ်သား/ဖိုင်ဘာ သေတ္တာကို အ မ တ ဒါနအဖြစ် အခမဲ့သွားရောက်ပြုလုပ်လှူဒါန်းပေးမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

☎️ ဆက်သွယ်ရန် ☎️
===========

09-457653578 (အလန်း)
09-255702694 (ဦးသန်းရွှေ)

 ကျေးဇူးတင်ရှိခြင်း
==========

၁။ ကိုအေးမင်းထွန်း (ခ) ဝ + မဖြူဖြူစိုး
၂။ ကိုမြင့်စိုး (ရေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ) + (ဒေါ်ငြိမ်းငြိမ်းတင်) မိသားစု
၃။ ကိုကောင်လေးပု (ကား)
၎။ ဦးအေးမင်း + ဒေါ်ရှမ်းမ မိသားစုနှင့် အစစအရာရာ ကူညီလှူဒါန်းပေးကြပါသော စေတနာများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။






 

Ads go here

Comments

မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send