29.8.2016 ရက်နေ့၌ ကျိုက္ခမီမြို့ မှ ဖြူစင်နှလုံးသားလူငယ်များသွေးအရှင်အဖွဲ့အား ရေးမြို့နယ် ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း
29.8.2016 ရက်နေ့၌ ကျိုက္ခမီမြို့ မှ ဖြူစင်နှလုံးသားလူငယ်များသွေးအရှင်အဖွဲ့မှ ရေးမြို့သို့လာရောက်၍ သွေးများကို ရှာဖွေပေးနေသော တာဝန်ခံ၅ဦး (ကိုစိုးကိုကိုမျိုး၊မနှင်းဝေဖြိုး၊ကိုသံချောင်း၊ကိုသီဟ၊ကိုအောင်ဆုပိုင်)တို့နှင့်တွေ့ဆုံကာလိုအပ်ချက်များကိုထောက်ပြ၍ ကူညီပေးခဲ့ပြီး လိုအပ်လျှင်လဲ ၎င်းအဖွဲ့သို့ ဆက်သွယ်အကူညီ တောင်းနိုင်ကြောင်းနှင့် ဤလုပ်ငန်းစဉ်ကို အားကြိုးမာန်တက် ဆက်လက်လုပ်ဆောင်ရန် မှာကြားခဲ့ပါသည်။ ယခုကဲ့သို့ အချိန်ပေး၍ကျွန်တော်တို့ကို ကူညီပေးသော ကျိုက္ခမီမြို့ မှ ဖြူစင်နှလုံးသားလူငယ်များသွေးအရှင်အဖွဲ့ အား ရေးမြို့နယ် ကိုယ်စား ကျွန်တော်တို့အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
Credit to အောင် ဆု ပိုင်
https://www.facebook.com/nyinyi.lay.7587
Ads go here
Comments