ကျိုက္ခမီမြို့ကို မြို့နယ် အဖြစ်မြင့်တင်ပေးဖို့ လိုအပ်နေပြီ



ကျိုက္ခမီမြို့ကို မြို့နယ် အဖြစ်မြင့်တင်ပေးဖို့ လိုအပ်နေပြီ ဒါဆို ကိုယ့်မြို့နယ် ကိုယ့်ဘတ်ဂျက် နဲ့ ကိုယ်လုပ်နိုင်မယ် ခုက ဟိုကနှိမ်လိုက် ဒီက ဖြတ်လိုက် ဘုန်းထားလိုက်နဲ့ ကျွန်တော်တို့မြို့ က အားကောင်းပြီး စေတနာပါတဲ့လူတွေများတဲ့မြို့ပါ ။ ဥပမာမွန်ပြည်နယ်ရဲ့အကောင်းဆုံး မီးသတ်ကား သိန်း ၅၇၀ ကိုယ်ပိုင်ဝယ်ထားနိုင်တယ်။ ကျိုက္ခမီ မြန်မာသုဿန် သိန်း ၂၀၀၀ လောက် ကိုလဲ စေတနာရှင်မြို့သူ/သားများနဲ့ လုပ်နိုင်ခဲ့တယ်။ဟိတကာရီ ပရဟိတနာရေးအသင်းကိုလဲ စည်းလုံးညီညွှတ်စွာတစ်မြို့လုံးမှာတစ်သင်းတည်းဖြစ်စေရန်ထူထောင်ထားနိုင်ခဲ့တယ် ဒါအပြင် အရေးပေါ်လူနာတင်ယာဉ် သိန်း ၃၀၀ နီပါး မြန်မာပြည်မှာ(မုဒုံ- ကခမ)နှစ်စီးပဲရှိသေးတဲ့ အော်ရယ်ဂျန်နယ်ကားကိုလဲဝယ်ယူထားနိုင်ခဲ့တယ်။ ဒါတွေကို ၂ နှစ် ၃ နှစ်အတွင်းမှာ အောင်မြင်အောင်လုပ်ဆောင်ထားနိုင်ခဲ့တယ်။ မီးပွိုင့်တွေ လကွန်ကရစ်လမ်းတွေကိုလဲ အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြတယ်။ တရားပွဲများ တရားစခန်းများ ပဋ္ဌာန်းပွဲများမပြတ်ရှိတဲ့မြို့ အမြဲတမ်းနေ့တိုင်းနီပါး အလှုခံ ရှိတဲ့မြို့ အစဉ်အလာ ပွဲတော် ရိုးရာ အလေ့အထ များနဲ့ ချစ်စရာကောင်းတဲ့မြို့ အတုမရှိတဲ့မြို့ မြို့လေးကငယ်ငယ်သေးသေးလေး ဒါပေမဲ့ သူမတူအောင် စံထားထိုက်တဲ့မြို့ ဒို့မြို့တိုးတက်ဖို့ ဒို့မြို့ ကလူတိုင်းတာဝန်ရှိတယ် လို့ ပြောပါရစေ။ အချင်းချင်းအမြင်မတူတာတွေဘေးဖယ်ပြီး စည်းလုံးညီညွှတ်စွာ ဝိုင်းဝန်းကြိုးစား လုပ်ဆောင်ကြပါစို့။

မွန်ပြည်နယ် ကျိုက္ခမီမြို့အကြောင်း

ကျိုက္ခမီမြို့ အင်တာနက်စာကြည့်တိုက်

ခင်မောင်စိုး ( မွန်ပြည်နယ် ကျိုက္ခမီ ) နည်းပညာ
Credit to Ko Thet Win Paing















 






Ads go here

Comments

မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send