20-4-16 ကွယ်လွန်သူ ဦးဝင်းအောင်(ခ)ဦးမဏ္ဏပ် အသက်(၅၉)နှစ် အောင်သုခရပ်ကွက်

20-4-16
ယနေ့ကွယ်လွန်သူ 
ဦးဝင်းအောင်(ခ)ဦးမဏ္ဏပ်
အသက်(၅၉)နှစ်
အောင်သုခရပ်ကွက်
ကျိုက္ခမီမြို့

* ကွယ်လွန်သူဦးဝင်းအောင်(ခ)ဦးမဏ္ဏပ်၏ ကျန်ရစ်သူမိသားစုနှင့်အတူ ကျိုက္ခမီမြို့သူ/သားများထပ်တူ ၀မ်းနည်းရပါကြောင်းနှင့်
* ကွယ်လွန်သူဦးဝင်းအောင်(ခ)ဦးမဏ္ဏပ်အား မိမိပြုခဲ့သော ကောင်းမှုကုသိုလ် အဖို့ ဘာဂ ကို အမျှရ၍ သာဓု သာဓု သာဓု ခေါ်ဆို၍ သုဂတိ ဘုံသို့ ရောက်ပါစေသာ။

ကျိုက္ခမီမြို့သူ/သားများမှ ဆုတောင်း မေတ္တာပို့သလိုက်သည့်အပြင်

ရုပ်နာမ်နှစ်ဝ သင်္ခါရကို ငါဟုသမုတ် ယနေ့ကွယ်လွန်သူဦးဝင်းအောင်(ခ)ဦးမဏ္ဏပ်သည် ဤလူ့လောက၌ရှိစဉ် ကောင်းမှုများကို ကောင်းစွာရွှင်လန်း ကြိုးပမ်းတကုတ် အားထုတ်ကုသိုလ်အစု ကောင်းမှု မင်္ဂလာကြောင့် ဘုရားမြတ်စွာ လက်ထက်တော်အခါဝယ် သာသနာဦးစီး အရှင်မဟာကဿပ စသော မထေရ်ကြီးကဲ့သို့ လောကအကျိုး သာသနာအကျိုး သယ်ပိုးလိုလား မဟာထေရ်ကြီးများတို့သည်လည်းကောင်း၊ လောကအကျိုး၊ သာသနာ့အကျိုး သယ်ပိုးလိုလား၊ မင်းကောင်း မင်းမြတ်များတို့သည်လည်းကောင်း၊ ငါးမာန်အောင်မြင် ဘုရားရှင်၏ သုံးခွင်စကြာ သာသနာကို ကမ္ဘာအတွင်း ရောင်ဝါလင်းလျက် အနှစ်ငါးထောင် မြင့်ခေါင်ရှည်ကြာ တည်ပါစေခြင်း အကျိုးငှာ ကောင်းစွာ လျှောက် စောင့်ရှောက်ကူညီပါစေသော်ဝ်။

ယနေ့ကွယ်လွန်သူဦးဝင်းအောင်(ခ)ဦးမဏ္ဏပ်သည် ကြီးငယ်နှစ်ဖြာ ဘ၀သံသရာ၌ အ၀ိဇ္ဇာ၊ တဏှာ မပြတ်ပါသဖြင့် ကပ်ကာယှဉ်မှိ ကျင်လည် ခဲ့ရသော်လည်း ဘ၀ထိုထို ခန္ဓာကိုယ်၌ တစ်ကိုယ်ကောင်းမရှာခဲ့၊ အများသတ္တ၀ါတို့၏ အကျိုးငှာသာလျှင် အစဉ်လိုလား ၀န်တိုစိတ် မထားပဲ ခွန်အားစိုက်ထုတ်ကောင်းမှုများ ပြုလုပ်ခဲ့ပါ၏။ အဆုံးဘ၀ နောက်ကာလ၌ ဓမ္မငါးခိုင်း ကိုယ်တိုင်သိငြား ပညာဓိက ဘုရားအဖြစ်သို့ စင်စစ်မုချ ရောက်ရှိရ၍ များလှဖုံဖုံ အလုံးစုံသော သုံးဘုံတိုက်နေ ဗိုလ်ခြေများစွာ နတ်လူ ဗြဟ္မာ ဝေနေယျတို့ကို သံသရာပြင်ကျယ် မြစ်ပင်လယ်တစ်ခွင် ကယ်တင်ရပါလို၏ဟူ၍ ကျိုက္ခမီမြို့သူ/သားများမှထပ်တူဆုတောင်းပါပေး၏။အရှင်ဘုရား။

ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ် - ဓမ္မစရိယ ဦးတင်မြင့်ဆုတောင်းပတ္ထနာမှ ကိုးကားရေးသားခြင်းဖြစ်ပါသည်။
ဓမ္မစရိယ ဦးတင်မြင့်အား ဘေးရန်ကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ ကိုယ်ဆင်းရဲကင်းပါစေ သာသနာ့ဝန်ကို ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွတ်နိုင်ပါစေ။
ကျိုက္ခမီမြို့သူ/သားများမှ သာဓု သာဓု သာဓုပါ ဘုရား။

ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ်ဒေါင်းလော့ယူရန်
http://dhammadownload.com/File-Library/UTinMyint/UTinMyint-SayadawGyi-8-par-ei-vipassanaShootNyee.pdf






Ads go here

Comments

မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send